Min Soe Han

TechBusinessElse


Legal


အလုပ်သမားများအတွက် အပိုထောက်ပံ့ကြေး နောက်ထပ် ၁,၀၀၀ ကျပ်

DATE 20240812

အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီသည် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၉ ရက်နေ့ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၂၄) ကို ထုတ်ပြန်၍ "အလုပ်သမားများအတွက် အပိုထောက်ပံ့ကြေးငွေ သတ်မှတ်ကြေငြာခြင်း" ခေါင်းစဥ်ဖြင့် အလုပ်သမားများအတွက် အပိုထောက်ပံကြေးငွေ နောက်ထပ် ၁၀၀၀ ကျပ်ကို သတ်မှတ်ပေးခဲ့သည်။

READ MORE


အလုပ်သမားများအတွက် အပိုထောက်ပံ့ကြေး ၁,၀၀၀ ကျပ်

DATE 20240731

အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၉) ရက်နေ့ ရက်စွဲပါ၊ အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၃) အရ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှစ၍ အပိုထောက်ပံ့ကြေး ၁,၀၀၀/- ကျပ် (တစ်ထောင်ကျပ် တိတိ) ကို အလုပ်လုပ်သော ရက်များနှင့် ၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက်အက်ဥပဒေအရ ခံစားခွင့်ပြုရန် ဖြစ်ပါသည်။

READ MORE


ပြည်သူ့စစ်မှုထမ်းရသော အလုပ်သမားအား အထူးခွင့်အဖြစ်သတ်မှတ်ပြီး ရက်ပေါင်း (၆၀) အတွက် အခကြေးငွေပေးရခြင်း

DATE 20240731

၂၀၁၆ ခုနှစ်၊ အခကြေးငွေပေးချေရေး ဥပဒေ၊ ပုဒ်မ ၃(ဂ) တွင် အလုပ်သမားတစ်ဦးဦးက ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းရသည့်အခါ ထိုအလုပ်သမားအား အထူးခွင့်အဖြစ်သတ်မှတ်ပြီး ရက်ပေါင်း (၆၀) အတွက် အခကြေးငွေထုတ်ပေးရမည်။ ဟု ပြဌာန်းထားခြင်းကြောင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀) ရက်စွဲပါ အမိန့်ကြော်စာအမှတ် ၂၇/၂၀၂၄ ဖြင့် အာဏာစတင်သက်ရောက်စေခဲ့သော ပြည်သူစစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းရမည့် အလုပ်သမားအား အထူးခွင့်အဖြစ်သတ်မှတ်ပြီး ရက်ပေါင်း (၆၀) အတွက် အခကြေးငွေပေးရမည်ဖြစ်ပါသည်။

READ MORE


အလုပ်ထွက်သွားသော အလုပ်သမား၏ လုပ်ခကျန်ငွေပေးချေခြင်း

DATE 20240731

Resign Salary ဟုခေါ်သော အလုပ်ထွက်သွားသော အလုပ်သမားများ၏ လုပ်ခကျန်ငွေ ပေးချေခြင်းကို စက်ရုံတိုင်းနည်းပါး ကျင့်သုံးသည့်ပုံစံမှာ လကုန်ပြီးနောက် ၁၀ ရက် သို့မဟုတ် အခြား သတ်မှတ်ရက်တစ်ရက်ရက်တွင် ပေးခြင်းဖြစ်သည်။ ထိုသို့ပေးချေခြင်းမှာ ဥပဒေနှင့် ညီညွတ်သည်ဟု မဆိုနိုင်ပေ။

READ MORE