Min Soe Han

TechLegalBusiness


backElse


Knowledge will give you power, but character respect

DATE 20240801

knowledge-power-character-respect

ဘရု(စ်)လီ (Bruce Lee) ဆိုရင် မသိတဲ့သူ မရှိပါဘူး။ ကျနော်တို့ငယ်ငယ်က ရပ်ကွက် ဗီဒီယိုရုံမှာ ဘရု(စ်)လီကားသွားကြည့်၊ နှာခေါင်းထိပ်ကို လက်မနဲ့ ဟန်ပါပါပွတ်၊ ကြောင်သံလိုလို "ဝေါင်း" လို့အော်ပြီး ခြေထောက်ကန်ချက်တွေ လေ့ကျင့်ခဲ့ဖူးတာ မှတ်မိကြမှာပါ။ ဘရု(စ်)လီ ဆိုတာ သိုင်းကားရိုက်တဲ့ မင်းသား၊ တကယ်လည်း သိုင်းတတ်တဲ့ မင်းသားဆိုတာ လူတိုင်းသိပါတယ်။ သို့သော် လူတွေ သိပ်မသိကြတာတစ်ခုက ဘရု(စ်)လီ ဟာ လူ့လောကလူ့သဘာဝအကြောင်း နက်နက်နဲနဲ အတွေးအမြင်ရှိတဲ့ အတွေးအခေါ်သမားတစ်ဦးဆိုတာပါပဲ။ သူပြောခဲ့တာတွေထဲက မှတ်သားလိုက်နာစရာ ကောင်းတာတစ်ခုကတော့ "Knowledge will give you power, but character respect" ဆိုတဲ့ စကားပါ။ အသိပညာ ဗဟုသုတက အင်အားကိုပေးပါတယ်။ အရာရာကို နားလည်နိုင်စွမ်းရှိစေတယ်။ ပြဿနာတွေကို ဖြေရှင်းနိုင်စွမ်းရှိစေတယ်။ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်စေတယ်။ အခွင့်အလမ်းတွေ ပွင့်စေတယ်။ အခုလို သတင်းအချက်အလက် နည်းပညာခေတ်ကြီးမှာ အသိပညာက အရေးပါလှပါတယ်။

သို့သော် လူတစ်ယောက်ဟာ အင်အားကြီးရုံနဲ့ ရိုသေလေးစားမှုမခံရပါဘူး။ လူအများက ရိုသေလေးစားဖို့ဆိုတာ လုပ်တဲ့အလုပ်၊ အနေအထိုင်၊ အပြုအမူနဲ့ အပြောအဆိုတွေအပေါ် မူတည်ပါတယ်။