Min Soe Han

TechBusinessElse


backLegal


အပိုထောက်ပံ့ကြေး ၁,၀၀၀ ကျပ်

DATE 20240731

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်၊ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၇၀/၂၀၂၃ ကို ထုတ်ပြန်၍ နိုင်ငံဝန်ထမ်းများနှင့် တပ်မတော် (ကြည်း၊ ရေ၊ လေ) ဝန်ထမ်းများအား တစ်ဦးလျှင် တစ်လ ကျပ် ၃၀,၀၀၀/- (ကျပ်သုံးသောင်းတိတိ) ကိုလည်းကောင်း အစိုးရဌာနများနှင့် အဖွဲ့အစည်းများရှိ နေ့စားအလုပ်သမားများအား အလုပ်ချိန် (၈) နာရီ တစ်ရက်အတွက်လုပ်ခ ၄,၈၀၀/- ကျပ်အပေါ် အပိုထောက်ပံ့ကြေး ၁,၀၀၀/- ကျပ်တိတိ (တစ်ထောင်ကျပ်တိတိ) ကိုလည်းကောင်း တိုးမြှင့်ခံစားခွင့်ပေးခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ သည် "အနည်းဆုံးအခကြေးငွေနှုန်းထား ပြင်ဆင်သတ်မှတ်ကြေညာခြင်း" ခေါင်းစဥ်ဖြင့်

တို့ကိုထုတ်ပြန်၍ ပုဂ္ဂလိကလုပ်ငန်းများရှိ အလုပ်သမားများအား အလုပ်ချိန် ၈ နာရီတစ်ရွက်အတွက် ၄,၈၀၀/- ကျပ်အပေါ် အပိုထောက်ပံ့ကြေး ၁,၀၀၀/- ကျပ် တိုးမြှင့်သတ်မှတ်ခဲ့သည်။ ထိုစာသုံးစောင်တွင် ဒုတိယစာမှာ မပျံ့ခင် အမြန်ပယ်လိုက်သော စာဖြစ်နိုင်သည်။ တစ်နေ့တည်းမှာပင် လူမှုကွန်ယက်စာမျက်နှာနှင့် Viber ဂရုများ၌ ဒုတိယစာထွက်လာပြီး မကြာမီမှာပင် တတိယစာ ထွက်ပေါ်လာခဲ့သည်။ ထို့နောက် ဒုတိယစာပျောက်သွားပြီး တတိယစာကိုသာ လူအများ ရည်ညွှန်းပြောဆိုကြသည်။

ထုတ်ပြန်ခဲ့သော အမိန့်ကြော်ငြာစာ ၃ စောင်မှာ တစ်ခုနှင့်တစ်ခု မတူကြပါ။ အောက်တိုဘာလ (၉) ရက်နေ့ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၂/၂၀၂၃ များသည် အောက်တိုဘာလ (၅) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၂၃ အား လွှမ်းမိုးပယ်ဖျက်ထားသည်။ ထို့ကြောင့် တတိယစာသည်သာ အတည်ဖြစ်သည်ဟု ယူဆနိုင်သည်။ တတိယစာဖြစ်သော အမိန့်ကြော်ငြာစာအမှတ် ၂/၂၀၂၃ တွင်

၂။ အနည်းဆုံးအခကြေးငွေနှုန်းထားကို ၂၀၁၃ ခုနှစ်၊ အနည်းဆုံးအခကြေးငွေဥပဒေပုဒ်မ ၁၀၊ ပုဒ်မခွဲ (ဃ) နှင့်အညီ သုံးပွင့်ဆိုင်ကိုယ်စားလှယ်များနှင့် ညှိနှိုင်းဆွေးနွေးပွဲများ ပြုလုပ်၍ ဆုံးဖြတ်ခဲ့သည့် "မြန်မာနိုင်ငံရှိ အလုပ်သမားများအတွက် နေရာဒေသနှင့် လုပ်ငန်းအမျိုးအစားမခွဲခြားဘဲ တစ်နိုင်ငံလုံးတစ်ပြေးညီ တစ်နာရီလျှင် ၆၀၀ ကျပ် (ခြောက်ရာကျပ်) နှုန်းဖြင့် အလုပ်ချိန် ၈ နာရီ (တစ်ရက်) အတွက် ၄,၈၀၀ ကျပ် (လေးထောင့်ရှစ်ရာကျပ်)" ကို ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် အမျိုးသားကော်မတီမှ ၁၄-၅-၂၀၁၈ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၂/၂၀၁၈) ဖြင့် ထုတ်ပြန်သတ်မှတ်ခဲ့ပါသည်။

၃။ ထို့အပြင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှစ၍ အပိုထောက်ပံ့ကြေး ၁,၀၀၀/- ကျပ် (တစ်ထောင်ကျပ်တိတိ) ကို အလုပ်လုပ်သော ရက်များနှင့် ၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက်အက်ဥပဒေအရ ခံစားခွင့်ပြုရန် ဖြစ်ပါသည်။

ဟု ပါရှိသည်။ ထို့ကြောင့် အလုပ်သမားအား လက်ရှိရနေသာ တစ်ရက်အနည်းဆုံးလုပ်ခနှုန်းထားထက် အပိုထောက်ပံ့ကြေး ၁,၀၀၀/- ကျပ် ထပ်ဆောင်းပေးရမည်ဖြစ်သည်။ ဥပမာ - ၄,၈၀၀ ကျပ် ရနေသော အလုပ်သမားအား ၄,၈၀၀ အပေါင်း ၁,၀၀၀ ဖြင့် ၅,၈၀၀ ကျပ် ပေးရမည်ဖြစ်ပြီး ၅,၆၀၀ ကျပ် ရနေသော အလုပ်သမားအား ၅,၆၀၀ အပေါင်း ၁,၀၀၀ ဖြင့် ၆,၆၀၀ ကျပ် ပေးရန်ဖြစ်သည်။

အချိန်ပိုလုပ်ခနှုန်းထားတွက်ချက်ရာတွင်လည်း အနည်းဆုံးအခကြေးငွေနှုန်းထားပေါ်တွင် တွက်ချက်ရမည်ဟု ဥပဒေက ပြဌာန်းထားခြင်းမဟုတ်ပါ။ သာမန်ရရှိသည့် အခနှုန်း၏ နှစ်ဆ[1] သို့မဟုတ် ပေးမြဲနှုန်း၏ နှစ်ဆ[2] ဟု ဥပဒေက ဆိုသည့်အတွက် ယခု ပေးမြဲနှုန်းအသစ်ဖြစ်သော အပိုထောက်ပံ့ကြေး ၁,၀၀၀/- ကျပ်ပေါင်းပြီး ငွေပမာဏ (ဥပမာ - ၅,၈၀၀/- ကျပ် သို့မဟုတ် ၆,၆၀၀/- ကျပ်) ပေါ်တွင် အခြေခံတွက်ချက်မှသာ အမှန်ဖြစ်လိမ့်မည်ဟု ယူဆမိပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

References

  1. ၁၉၅၁ ခုနှစ်၊ အလုပ်ရုံများ အက်ဥပဒေ၊ ပုဒ်မ ၇၃(၁)
    အလုပ်သမား တစ်ဦးတစ်ယောက်သည် အလုပ်ရုံတွင် ပုဒ်မ ၅၉ နှင့် ၆၂ တွင် သတ်မှတ်ထားသည့် အချိန်ထက်ပို၍ လုပ်ရလျှင် ထိုသူသည် မိမိအချိန်ပို လုပ်ရသည့်အတွက် မိမိ သာမန်ရရှိသည့် အခနှုန်း ၏ နှစ်ဆ ရစေရမည့်အပြင် ရှားပါးစရိတ် ရနေလျှင် ထိုအချိန်ပိုလုပ်ရသည့် နေ့အတွက် ပေးမြဲနှုန်းအတိုင်း ရှားပါးစရိတ်ကိုလည်း ရစေရမည်။
  2. ၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေ၊ ပုဒ်မ ၃(၂)
    ... အလုပ်သမားသည် အများပြည်သူ အလုပ်ပိတ်ရက်တွင် အလုပ်လုပ်ရလျှင် ထိုအလုပ်သမားအား သက်ဆိုင်ရာရာ အခြေခံအခကြေးငွေကိုသော်လည်းကောင်း၊ အခြေခံလစာငွေကိုသော်လည်းကောင်း၊ ထို့နေ့အတွက် ပေးမြဲနှုန်း ၏ နှစ်ဆရထိုက်စေရမည့်အပြင် ရှားပါးစရိတ်ရနေလျှင် ထိုနေ့အတွက် ပေးမြဲနှုန်းအတိုင်း ရှားပါးစရိတ်ကိုလည်း ရထိုက်စေရမည်။